Main menu

အသေးစား၊ အလတ်စား၊ အငယ်စားလုပ်ငန်း ထွန်းလင်းဖယောင်းတိုင်လုပ်ငန်း ဈေးကွက်ရရှိမှု

Powered by Drupal

        မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် ဒေသတွင်းအိမ်တွင်းမှု၊ ပြည်တွင်းဒေသထွက်ကုန်လုပ်ငန်းများဖြစ်သော အသေးစား၊ အလတ်စား၊ အငယ်စား  စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းများကိုလည်းလုပ်ကိုင်လျက်ရှိသည်။ မအူပင်ခရိုင်အနေဖြင့် အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားဖြစ်လုပ်ငန်းပေါင်း ခရိုင်ချုပ်(၈၀) ခုရှိပါသည်။ ဓနုဖြူမြို့နယ်ရှိ အိမ်တွင်းတစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသော ဖယောင်းတိုင်လုပ်ငန်းသည် ဈေးကွက်ရရှိ၍ စီးပွားဖြစ်လုပ်ငန်းတစ်ခုဖြစ်ကြောင်းသိရသည်။

           ဓနုဖြူမြို့နယ်ရှိ ထွန်းလင်းအထွန်းခံဖယောင်းတိုင်ထုတ်လုပ်မှုမှာ တစ်နှစ်ကို ဖယောင်းတိုင်အထုပ်ရေ အစားစား(၂၀၀၀၀) ထိထုတ်ထုတ်လုပ်နိုင်ကြောင်း၊ ဖယောင်းတိုင် တစ်နေ့ကို (၁၀၀)မှ (၁၅၀)ထိထုတ်ခန့်ထုတ်လုပ်ပြီး  လုပ်ငန်းကို ၂၀၀၅ခုနှစ်မှစတင်လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းရင်းနှီးမတည်မှုအနေဖြင့် (၁၅၀၀၀၀၀)ကျပ်ခန့်ရင်းနှီးမြုပ်နှံခဲ့ပြီး ဖယောင်းတိုင်အမျိုးအစား (၆)မျိုးထုတ်လုပ်ကြောင်း၊ ဖယောင်းတိုင်အကြီး လက်ကားဈေး(၂၈၀၀)ကျပ်၊ ဖယောင်းတိုင်အလတ် (၁၇၀၀)၊ ဖယောင်းတိုင်အသေးတစ်ထုပ်လျှင် (၁၂၀၀) ကျပ်ဈေးဖြင့်ရောင်းချပြီး၊ အကျိုးအမြတ်အနေဖြင့် တစ်လကို ၃၀၀၀၀၀ကျပ်ရရှိကြောင်း လုပ်ငန်းရှင်ကပြောပြသည်။ ဖယောင်းကြမ်းကြိုပြီး ပုံစံမိုတွင်လောင်းကာ ဖယောင်းတိုင်ထွက်ရှိလာပြီး ထုပ်ပိုး၍ ရောင်းတန်းဝင်ဖရောင်းတိုင်ရရှိကြောင်း၊ ၎င်းနောက် တံဆိပ်အမှတ်အသားထည့်ကာ ထုပ်ပိုး၍ ဓနုဖြူမြို့မဈေးအတွင်းနှင့် ဓနုဖြူကျေးရွာဘက်တို့ကိုသာဖြန့်ဖြူးရောင်းချကြောင်း၊ အသေးစားလက်မှုလုပ်ငန်းလိုင်စင်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း လုပ်ငန်းရှင်၏ပြောပြချက်အရသိရှိရပြီး စီးပွားဖြစ်သောလုပ်ငန်းတစ်ခုဖြစ်၍ ဈေးကွက်ပိုမိုအားကောင်းရန် ရှာဖွေလျက်ရှိကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)