ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ မိုးစပါးစိုက်ဧက (၉၃၉၁၂) ဧက နှစ်စဉ်စိုက်ပျိုးကြောင်းသိရပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရိတ်သိမ်းခြင်းလုပ်ငန်းကို အောက်တိုဘာလ (၁၈) ရက်နေ့တွင် စတင်ရိတ်သိမ်းနေကြပြီး အထွက်နှုန်းကောင်း၍ အရောင်းအဝယ်ဖြစ်နေပြီး ယနေ့ နိုဝင်ဘာလ (၈)ရက်နေ့အထိ မိုးစပါး ပန်းတနော်မြို့နယ်ရိတ်ဧက (၃၄၃၄၉) ဧကဖြစ်ပြီး ၎င်းအပေါ် အထွက်နှုန်း( ၂၈၇၁၂၀၉)တင်းထွက်ရှိကြောင်းသိရသည်။
၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးထွက်ရှိမှုများကို (၁၁-၁၁-၂၀၂၄)ရက်နေ့တွင် ကွင်းဆင်းလေ့လာခဲ့ရာ ပန်းတနော်မြို့ နယ်၊ အင်းမကျေးရွာ၊ တောင်သူ ဦးဇော်မင်းဦး၏လယ်မှ မိုးစပါး ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ GW 11 စပါးမျိုးကို ဧက.၂၀ခန့်စိုက်ပျိုးရာ တစ်ဧကလျှင် စပါးတင်း၄၀ခန့်ထွက်ရှိပြီး စပါးတစ်တင်းလျှင် ပေါင်(၅၀) ဖြင့် အစို စပါးတင်း (၁၀၀) လျှင် (၁၅၀၀၀၀၀)ကျပ်စျေးနှုန်းဖြင့်ရောင်းချရပြီး စိုက်ပျိုးမှုကုန်ကျစရိတ်မှာ ကြဲခင်းဖြစ်၍ တစ်ဧကလျှင် (၉၀၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)