ပဲခူးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့ပေါ် ဈေးကွက်အတွင်းရှိ လူသုံးကုန် စားသောက်ကုန် ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းတို့အား စာသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက် များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဧပြီလ စတုတ္ထပတ်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကို ဦးစားပေးရောင်းချကြရန် ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် သက်တမ်းလွန် ကုန်စည်များကို သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)