၁၁.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၃:၄၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်ရှိ 1 Stop Mart ရှိ လက်ဖက်အမှတ်တံဆိပ်ပြည့်စုံခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် 1 Stop Mart မှ တာဝန်ခံ ဒေါ်ယမင်းသန္တာမှပူးပေါင်းပါဝင်လျက် လက်ဖက်အမျိုးမျိုးဖြစ်သော ဦးကာကာ(ဇယန်းလက်ဖက်နှပ်)၊ ရွှေမန်းသူ (လက်ဖက်နှပ်)၊ ကောင်းလတ်စံ(လက်ဖက်အနှပ်ကြက်သားကြော်)၊ ရွှေမြို့တော် (ချဉ်စပ်နှပ်)၊ ရွှေအုပ်(လက်ဖက်နှပ်)၊ ဗေဒါရွှေကြာ(ပုစွန်စပ်ထောင်း)နှင့် စည်တော်ကြီး (ပုစွန်ချဉ်စပ် လက်ဖက်ထောင်း) များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှုရှိသောကုန်စည်များကိုသာ ဝယ်ယူရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)