Main menu

ရောနှောဆီနှင့်စားသုံးဆီအမျိုးမျိုးရောင်းချနေသည့် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှဝန်ထမ်းများသည် မြို့မဈေးအတွင်းရှိ ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးရောင်းချနေသည့် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား (၁၁.၁၁.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မဈေးစည်ပင်သာယာခန်းမ၌ တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များအား မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်စည် (သို့မဟုတ်)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားပုံနည်းလမ်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)