Main menu

ငါန်းဇွန်မြို့၊ မြို့မဈေးအတွင်း/ အပြင် စားသုံးဆီရောင်းချသောဆိုင်များရှိ စားသုံးဆီအမျိုးမျိုးအားကွင်းဆင်းစစ်ဆေး

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့တွင် (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ငါန်းဇွန်မြို့ မြို့မဈေးအတွင်း/ အပြင်ရှိ စားသုံးဆီ ရောင်းချသောဈေးဆိုင်များအား စားသုံးဆီများနှင့်ပတ်သက်၍ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်မှုရှိ/ မရှိ၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်မှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ စားသုံးဆီအမျိုးမျိုးမှာ နေ့စဉ်ချက်ပြုတ်စားသောက်မှုတွင် မပါမဖြစ်ထည့်သွင်းအသုံးပြုရသည့် ကုန်စည်ဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသောဆီများနှင့် ပြန်လည်သန့်စင်ထားသည့်ဆီများကို ဈေးကွက်အတွင်းရောင်းချပါက  စားသုံးသူများကို ဘေးန္တရာယ်ဖြစ်ပွားစေခြင်း၊ ဘေးန္တရာယ်ဖြစ်စေနိုင်သည့်ဆီများကို ရေရှည်စားသုံးမိပါက စားသုံးသူများအနေဖြင့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားလာနိုင်ကြောင်း၊ ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသော ကုန်စည်၏အမျိုးအမည်ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြစေခြင်းကို လိုက်နာဆောင်ရွက်မှုရှိ/ မရှိနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်၍ အရောင်းအဝယ်ပြုလုပ်ရာတွင် သက်ဆိုင်ရာဌာနများ၏ ဥပဒေများပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းများနှင့်ပတ်သက်၍ ထပ်ဆင့်အသိပေးကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။  

DOCA(မန္တလေး)