
ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် ပထမ (၁၀) လအတွင်း အမေရိကန်ဒေါ်လာ ၁၂.၃၇ ဘီလီယံအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်းတိုးလာကြောင်း အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ ထိပ်တန်းကုန်သွယ်ဖက်အဖြစ်ဆက်လက်ရပ်တည်နေပြီး အမေရိကန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့လည်းပါဝင်သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄၂ ဘီလီယံတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၁ ရာခိုင်နှုန်းတိုးလာကာ ဒေါ်လာ ၁၀.၉ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယား၏ အဓိကတင်ပို့သည့်ကုန်ပစ္စည်းများမှာ ဆန်စပါး၊ ငှက်ပျောသီး၊ သရက်သီး၊ ပီလောပီနံ၊ ရေထွက်ကုန်နှင့် အဝတ်အထည်များဖြစ်ပြီး တရုတ်နိုင်ငံမှ အထည်ချုပ်ကုန်ကြမ်းများ၊ စက်ယန္တယားများ၊ မော်တော်ကားယာဉ်များ၊ စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆေးဝါးများကိုတင်သွင်းသည်။ ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုသဘောတူညီချက်နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (RCEP) သည် တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားလယ်ယာထွက်ကုန်များတင်ပို့မှုကို အရှိန်မြှင့်တင်ပေးမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ Penn Sovicheat ကပြောကြားခဲ့သည်။ နှစ်နိုင်ငံအကြားနီးကပ်သသောပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂါတ်တည်ဆောက်ရန် သဘောတူညီချက်သည် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုတည်ဆောက်ရန် တွန်းအားတစ်ခုဖြစ်ကြောင်း ကမ္ဘောဒီးယားကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဋ္ဌ Lim Heng ကပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)