Main menu

“ဆေးဖက်ဝင်မဲဇလီဖူး”

Powered by Drupal

        ကျောက်ဆည်ခရိုင်သည် အညာဒေသဖြစ်သောကြောင့် အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက်ပြီး အပင်များလည်း ပေါက်ရောက်ရှင်သန်လျက်ရှိရာ ဆေးဖက်အပင်တစ်မျိုးဖြစ်သည့် မဲဇလီပင်များလည်းပေါက်ရောက်လျက်ရှိပါသည်။ အညာဒေသ ကားလမ်းဘေးဝဲယာများတွင် မဲဇလီပင်များကို စနစ်တကျစိုက်ပျိုးထားသည်ကိုလည်းတွေ့နိုင်ပါသည်။ မဲဇလီဖူးသည် တစ်နှစ်ပတ်လုံး ဖူးပွင့်လျက်ရှိပါသည်။ မယ်ဇလီဖူးကို နေ့စား၊ လက်လုပ်လက်စားသမားများက အများဆုံးခူးဆွတ်ရောင်းချကြပါသည်။ မယ်ဇလီဖူးသည် ဆေးဖက်ဝင်သဖြင့် ရာသီအချိန်အ‌ရွေး သုပ်စား၊မြှုပ်စားကြသူများလည်းရှိပြီး ဆေးပေါင်းခသော တန်ဆောင်မုန်းလပြည့်ညမျိုးမှာလည်း မဲဇလီဖူးကို အဓိကသုပ်စားကြပါသည်။ မဲဇလီဖူးပြုတ် နို့ဆီဘူးတစ်ဘူးလျှင် (၅၀၀-၁၀၀၀/-)ကျပ်အထိရောင်းချကြပါသည်။ တန်ဆောင်မုန်းလပြည့်ညနီးလေ မဲဇလီစျေးများမြင့်တက်လျက်ရှိပါသည်။ မဲဇလီဖူးပြုတ်ပြီးသားတစ်ပြည်လျှင် (၅၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး မဲဇလီဖူးအစိမ်းတစ်တင်းလျှင် (၅၀၀၀၀-၆၀၀၀၀/-)ကျပ်ဖြင့်ဝယ်ယူကြကြောင်း၊ မယ်ဇလီအစိမ်းအဖူးများကို ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ရောင်းချလျက်ရှိသဖြင့် မဲဇလီဖူးခူးရောင်းသူများအဆင်ပြေကြောင်း၊ မဲဇလီဖူးစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများရှိကြောင်း  မဲဇလီရွက်ကို ဟင်းခါးချက်သောက်နိုင်ပြီး ၎င်းကို သုပ်စား၊ မြှုပ်စားပေးပါကလည်း အစာမကျေမှုကြောင့်ဖြစ်တတ်သော ရင်ပူခြင်း၊ မအီမသာဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းများကိုသက်သာစေနိုင်ကြောင်း၊ မဲဇလီရွက်မှာ ရောင့ရမ်းမှုကိုလည်းလျော့ကျစေကြောင်း လေ့လာသိရှိရပါသည်။ဆေးဖက်ဝင်အပင်ဖြစ်သော်လည်း "တန်ဆေး၊ လွန်ဘေး" ဆိုသည့်အတိုင်း အာဟာရမျှတစွာစားသုံးသင့်ပါကြောင်း၊ အလွန်အကျွံစားသုံးပါက ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်ကြောင်း အညာဒေသတွင် အများဆုံးထွက်ရှိသော မဲဇလီဖူးအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)