Main menu

ငါန်းဇွန်မြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

       ငါန်းဇွန်မြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် (၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ဦးဆောင်ပြုလုပ်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် ဦးကိုကိုနိုင် (ရုပ်သံကျွမ်းကျင်-၃)မှ ကလေးလုပ်သားပပျောက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မိုးမိုးစံ (အကြီးတန်းစာရေး)က လူငယ်နှင့်ကိုယ်လက်လှုပ်ရှားအားကစားခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းကိုရှင်းလင်းခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှာ နုငယ်သည့်ကလေးသူငယ်များဖြစ်သည့်အတွက် ကျောင်းတွင်ဖြစ်စေ၊ မိမိတို့၏နေထိုင်ရာရပ်ကွက်/ ကျေးရွာများ၌ဖြစ်စေ အစားအစာများဝယ်ယူစားသောက်ရာတွင် အသင့်စားအစားအစာများကို တတ်နိုင်သလောက် လျှော့ပေါ့စားသောက်ကြရန်၊ တချို့အစားအသောက်များမှာ ခွင့်မပြုဓာတုဆိုးဆေးများ၊ ကြာရှည်ခံဆေးဝါးများပါရှိသည့်အတွက် ခန္ဓာကိုယ်ကြီးထွားမှု၊ ဉာဏ်ရည်ဖွံဖြိုးမှုများကိုထိခိုက်နိုင်ပြီး ရောဂါမျိုးစုံဖြစ်ပွားတတ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဖြစ်နိုင်လျှင် လတ်ဆတ်၍ အဟာရဖြစ်စေသော မြန်မာ့မုန့်ပဲသားရည်စာများကိုသာ စားသောက်သင့်ပါကြောင်း၊ အစားအစာများဝယ်ယူစားသောက်ရာတွင်လည်း သန့်ရှင်မှုရှိပြီး၊ လုံခြုံစွာဖုံးအုပ်ထားသောအစားအစာများကို ဝယ်ယူစားသောက်ကြရန်နှင့် သန့်ရှင်းမှုမရှိသော၊ ဖုံးအုပ်မှုမရှိသော ယင်နားစာများကိုရှောင်ကြဉ်ကြရန်၊ ငယ်ရွယ်စဉ်မှစ၍ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် ကျန်းမာရေးကောင်းမှသာ အတန်းပညာများကို ကောင်းစွာသင်ယူနိုင်ပြီး မိမိတို့၏ဘဝရည်မှန်းချက်များအောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝယ်ယူလိုက်သောကုန်ပစ္စည်းကို ဈေးဆိုင်မှပေးလိုက်သည့်အတိုင်းမယူရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို ငယ်ရွယ်စဉ်မှစ၍ ကြည့်ရှုရွေးချယ်ဝယ်ယူကြရန် အလေ့အကျင့်များရှိကြရန် လိုအပ်ကြောင်း၊ ကုန်စည်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဟောပြောဆွေးနွေးပွဲများမှ ရရှိသည့်အသိပညာဗဟုသုတများကိုလည်း မိမိတို့၏မိသားစုဝင်များ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မိမိတို့၏ပတ်ဝန်းကျင်များကိုလည်း အသိပညာဗဟုသုတများ ပြန်လည်မျှဝေပေးသည့်အလေ့အကျင်များရှိရန်နှင့် ပြန်လည်ဝေမျှပေးစေလိုကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၉၀)ဦးတက်ရောက်ခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)