Main menu

ဒစ်ဂျစ်တယ်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံခြင်းသည်အစိုးရရည်မှန်းချက်ဖြစ်သည့်စီးပွားရေးကြီးထွားမှု ၈% ရရှိရေးအတွက်အရေးပါ

Powered by Drupal

                ဆက်သွယ်ရေးနှင့်ဒစ်ဂျစ်တယ်ရေးရာဒုတိယဝန်ကြီးဖြစ်သူ Nezar Patria ကသမ္မတ Prabowo Subianto ၏စီးပွားရေးကြီးထွားနှုန်းရည်မှန်းချက်ဖြစ်သည့် ၈% ရရှိရန်အတွက် ဒစ်ဂျစ်တယ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု သိသာစွာမြင့်တက်လာရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ Patria ကဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးသည်သော့ချက်တစ်ခုဖြစ်ကာ ICT ကဏ္ဍ တွင်၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုတိုင်းသည်ပိုမိုအမှီအခိုကင်းပြီး အားကောင်းသောစီးပွားရေးဆီသို့ ခြေတစ်လှမ်းနီးကပ်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ အတိုင်ပင်ခံလုပ်ငန်းဖြစ်သည့် Kearney ၏ ၂၀၂၂ခုနှစ်တင်ပြချက်အရ အင်ဒိုနီးရှားသည် ICT ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုကို နှစ်ဆမြှင့်တင်ပါ ၂၀၃၀ ပြည့်နှစ်တွင်ရင်းနှီးမြှုပ်နှံမှုသည်နိုင်ငံ၏ GDP ကိုတစ်ရာခိုင်နှုန်းမြင့်တက်စေမည်ဟုသိရပါသည်။ Patria ၏အဆိုအရအကယ်၍ ICT တွင်ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာပါက အင်ဒိုနီးရှားနိုင်ငံသည်အလုပ်အကိုင်များနှင့် ဆန်းသစ်တီထွင်မှုများကို တံခါးဖွင့်ပေးနိုင်ခြင်း အပါအဝင်များစွာသောကဏ္ဍများတွင် အပေါင်းလက္ခဏာ  ဆောင်သည့်သက်ရောက်မှုများကို ရရှိမည်ဟုသိရပါသည်။ Patria ကကြီးထွားမှုသည် နံပါတ်တစ်ခုသာမက စီးပွားရေးကြံခိုင်မှု၊ အလုပ်အကိုင်ဖန်တီးခြင်းတွင်ကြီးမားသောအခွင့်အလမ်းများနှင့် ပြည်တွင်းဆန်းသစ်တီထွင်မှုအတွက်ဖောင်ဒေးရှင်းတစ်ခုကို ဖန်တီးပေးနိုင်ကြောင်းနှင့်သို့သော်ဒစ်ဂျစ်တယ်ကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရာတွင်အင်ဒိုနီးရှားနိုင်ငံသည် မြို့ပြနှင့်ကျေးလက်အကြား ဒစ်ဂျစ်တယ်လမ်းကြောင်း ကွာဟချက်ပါဝင်သောစိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရကြောင်းပြောကြားခဲ့ပါသည်။ ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်ဝန်ကြီးဌာနသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဒစ်ဂျစ်တယ် အသိုက်အဝန်း၊ ဒစ်ဂျစ်တယ်အစိုးရနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ စသည့်ဒေါက်တိုင်လေးခုနှင့်အတူ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရန် စီစဥ်နေ‌သည်ဟု သိရှိရပါသည်။

Antara News

DOCA(ရန်ကုန်)