ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 8D-4208) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကးဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။
DOCA(ဧရာဝတီ)