Main menu

နိုဝင်ဘာလ ဒုတိယပတ်တွင် ကြက်ဥ၊ဘဲဥ ဈေးနှုန်းအနည်းငယ်မြင့်တက်

Powered by Drupal

     ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများနေ့စဉ် ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်လျက်ရှိပါသည်။

     ဇလွန်မြို့၊ မြို့မဈေးအတွင်းရောင်းချသော  ကြက်ဥများကို ညောင်တုန်းမြို့နှင့်ကြိမ်ပင်ဆယ် မြို့တို့မှ မှာယူရကြောင်း၊ ဘဲဥများကို ကျိုက်လတ်ဒေသမှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် (၄၅၀၀ ကျပ်)၊ ကြက်ဥအလုံး အသေး (၁၀)လုံးလျှင် ကျပ်(၄၄၀၀ ကျပ်)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၅၅၀၀ မှ ၅၆၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင် (ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၀၀ မှ ၃၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ် (၃၀၀)ဖြင့် ဈေးအနည်းငယ် မြင့်တက်လျက်ရှိကြောင်း၊ ဥစားကြက်မွေးမြူးရေးခြံများ၌ ကြက်ဥအထွက်နှုန်းလျော့ကျလာခြင်းအပြင် သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ကြက်ဥ၊ဘဲဥဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်ရခြင်းဖြစ်ကြောင်း၊  အလုံးအရွယ်အစားအပေါ်မူတည်၍ ဈေးနှုန်းများလဲ ကွာခြားမှုရှိကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူကုန်စုံဆိုင်များမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)