စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေးရှိ စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ဦးဝင်းနိုင်၊ ဦးဌေးညွန့်၊ ဦးဌေးလွင်စသည့် စားအုန်းဆီအရောင်းဆိုင်များအား ၁၂.၁၁.၂၀၂၄ ရက်နေ့နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် လက်လီရောင်းချပေးနေသော စားအုန်းဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချနေမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့် အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)