Main menu

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အ-ထ-က(၂)ကျောင်း၌ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၁-၁၁-၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အ-ထ-က(၂) ကျောင်း၌ Grade 10,11,12 ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ပေးခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးက  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန်၊ သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများအလွန်အကြူးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ (၁၅)ဦး၊ ကျောင်းသား/ သူ(၂၁၅)ဦး၊ စုစုပေါင်း(၂၃၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)