Main menu

တောင်သူတို့ဈေးကောင်းရသောဖူးစားပြောင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဖူးစားပြောင်းများကိုလည်း တောင်သူများဝင်ငွေတိုးရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ၃၁၂၈ ဧက စိုက်ပျိုးခဲ့ပြီး ၁၂-၁၁-၂၀၂၄ ရက်နေ့အထိ ၃၀၁၉ ဧကရိတ်သိမ်းပြီးကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ဖူးစားပြောင်းစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အများဆုံးစိုက်ပျိုးသောမျိုးမှာ သကြားပြောင်း၊ ကာလာဖိုက်ပြောင်းနှင့် ပြောင်းစေးများကို စိုက်ပျိုးကြပါသည်။ (၁)ဧကအထွက်နှုန်းအနေဖြင့် အဖူးရေ(၁၅၀၀၀)ခန့် ထွက်ရှိပြီး၊ သကြားပြောင်းမှာ လူကြိုက်များသောကြောင့် အရောင်းသွက်ပြီး ဈေးကောင်းရရှိပါသည်။ ပြောင်းဖူးဈေးနှုန်းမှာ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း ကွာခြားခြင်း၊ လက္ကားဈေးအနေဖြင့် အခင်းထဲအရောက် ဝယ်ယူရာတွင် (၁)ဖူးလျှင် ၂၅၀ ကျပ်မှ ၅၀၀ကျပ်ဖြင့် ပြောင်းဖူးအမျိုးအစားပေါ်မူတည်၍ ရောင်းချရကြောင်း၊ ယခင်နှစ်ထက် ဈေးနှုန်းပိုမို ကောင်းမွန်သဖြင့် ယခုနှစ်တွင် ငွေကျပ်(၂၅၀၀၀၀၀/-)ခန့် အကျိုးအမြတ်ရရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)