မြန်မာနိုင်ငံမှထွက်ရှိသော ပဲတီစိမ်းများကို ပြည်ပနိုင်ငံများသို့ ကုန်သွယ်ရေးနည်းလမ်းများဖြစ်သော ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် တင်ပို့လျက်ရှိပြီး မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပဲတီစိမ်းစိုက်ဧက (၁၃၉) ဧက ရှိ၍ ယခင်နှစ် ကြံခင်းမြို့နယ် ဈေးကွက်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၇၀၀၀၀/- ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခုနှစ် ဈေးကွက်တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၈၀၀၀၀/- ဈေးနှုန်းဖြင့် ရောင်းချရ၍ ယခင်နှစ်ကာလတူဈေးနှုန်း နှိုင်းယှဉ်ပါက ပဲတီစိမ်း တစ်တင်းလျှင် ကျပ် ၁၀၀၀၀/- ဈေးနှုန်းပိုမိုရရှိသည့်အတွက် ပဲတီစိမ်းစိုက်ပျိုးသောတောင်သူများ ဈေးကောင်းရရှိလျက်ရှိကြောင်း ကြံခင်းဈေးကွက်မှ သိရှိရသည်။
DOCA(ဧရာဝတီ)