Main menu

ဗိုလ်တထောင်ခရိုင်အတွင်း MSME ချေးငွေပံပိုးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်

Powered by Drupal

             ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော်မှမတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ်လိုအပ်သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာအသုံးပြူနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ HLM လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်သို့ ၁၂.၁၁.၂၀၂၄ ရက်နေ့ နေ့လယ်(၁၄း၃၀)တွင် လုပ်ငန်းရှင်အား ချေးငွေပံပိုးပေးနိုင်ရေးအတွက် ဗိုလ်တထောင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊  မြန်မာ့စီးပွားရေးဘဏ်စသည့် သက်ဆိုင်ရာဌာနများပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

               ထိုသို့ ဆောင်ရွက်ရာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး၊ မိသားစုဝင်များဝင်ငွေတိုးတက်စေရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများဖန်တီပေးနိုင်ရေးနှင့်   တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြရန် စားသုံးကာကွယ်ရေးဥပဒေတွင် ဖော်ပြပါရှိရမည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကိုသိရှိလိုက်နာ ဆောင်ရွက်ရန်တို့ကို အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)