မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၊ မြို့နယ်တာဝန်ခံသည် (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဇီးတောကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် တောင်တွင်းကြီးမြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာများနှင့် စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းက အားကစားနှင့်လူငယ်ရဲ့စည်းကမ်းချက်များအကြောင်းကိုလည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ စခန်းမှူးက မိုးလေဝသအကြောင်း သိကောင်းစရာများအကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)