Main menu

မကွေးမြို့ပေါ်ရှိ ဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် (၁၁-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆန်ဆိုင်များသို့ သွားရောက်ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

          ဆန်ဆိုင်များ၌ ရောင်းချလျက်ရှိသည့် ဆန်အမျိုးအစားများ၊ ရောင်းချသည့်ဈေးနှုန်း၊ တစ်နေ့ရောင်းချရမည့်အရေအတွက်၊ ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဆန်လက်ကျန်များအား လေ့လာစုံစမ်းခြင်းနှင့် မြန်မာနိုင်ငံဆန်/ စပါးအသင်းချုပ် (MRF)မှထုတ်ပြန်သော သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့်သာရောင်းချရန်၊ ဆန်ဈေးနှုန်းများအား အများပြည်သူပွင့်လင်းမြင်သာစွာသိရှိစေရန် ရေးသားချိတ်ဆွဲထားရန်၊ အရည်အသွေးပြည့်ဝပြီး ပြည်/ တင်း မှန်ကန်စွာရောင်းချရန်၊ ဆန်ဆိုင်များအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRO) တွင် မှတ်ပုံတင်ထားရန်နှင့် OnLine တွင် ကိုယ်တိုင်ဝင်ရောက်မှတ်ပုံတင်ရန် အခက်အခဲရှိပါက စားသုံးသူရေးရာဦးစီးဌာနနှင့်ချိတ်ဆက်၍ အကူအညီတောင်းခံနိုင်ကြောင်း အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)