Main menu

မကွေးမြို့၊ ရန်ပယ်ဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာန၏ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး”ဟူသည်နှင့်အညီ စားသုံးသူအခွင့်အရေးများနှင့်တာဝန်များအား ပြည်သူသိရှိစေရေး အသိပညာပေးဆွေးနွေးနေသည့်အပြင် လုပ်ငန်းရှင်များအားလည်း “ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း မိမိတို့၏ထုတ်ကုန်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြလာခြင်းဖြင့် စားသုံးသူများ၏ ယုံကြည်စိတ်ချရမှုကိုပိုမိုရရှိလာပြီး ရောင်းအားများကောင်းမွန်လာမည်ဖြစ်ကြောင်း အသိပညာပေးစည်းရုံးနေပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုရှိ/ မရှိ သက်တမ်းလွန်နှင့် စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

          (၁၂-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မကွေးမြို့၊ ရန်ပယ်ဈေး၌ ရောင်းချလျက်ရှိသော စားသောက် ကုန်များတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာမှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်နေသောကုန်စည်များ၊ စားသုံးရန်မသင့်ဟုတားမြစ်ထားသော ကုန်စည်များ ရောင်းချမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)