Main menu

သာယာဝတီမြို့နယ် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးဟောပြောခြင်း

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊    ပဲခူးတိုင်းဒေသကြီး၊    သာယာဝတီခရိုင်၊  သာယာဝတီမြို့နယ်

ဈေးပိုင်းရပ်ကွက် ဘောလုံးကွင်းလမ်း၌ ကုန်မျိုးစုံပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်နီလာဝင်းနှင့်

( ၁၁-၁၁-၂၀၂၄ ) ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ စားသုံး/ ထုတ်လုံ

 တာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းတို့နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး

ဥပဒေအခန်း ( ၁၈ )ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍

 ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏အရည်

အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်း

လမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း

(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့် အရည်အသွေးရှိခြင်းကို အထူးအလေးထား

 ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေး

လက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)