Main menu

ဆန်တင်ပို့မှုမှကန့်သတ်ချက်များအားရုပ်သိမ်းခြင်းသည် ၂၀၂၅ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှု ဒေါ်လာ ၅၀ ဘီလီယံကျော်အထိရောက်ရှိရန် တွန်းအားပေးကူညီလျက်ရှိ

Powered by Drupal

                 တောင့်တင်းသောဝယ်လိုအားနှင့် ဘာစမာတီမဟုတ်သောဆန်များအပေါ် ကန့်သတ်ချက်များရုပ်သိမ်းခြင်းကြောင့် အိန္ဒိယနိုင်ငံ၏စိုက်ပျိုးရေးပို့ကုန်သည် ၂၀၂၄-၂၀၂၅ တွင်ကန်ဒေါ်လာ ၅၀ ဘီလီယံကျော်ရန်မျှော်မှန်းထားကြောင်း တာဝန်ရှိသူတစ်ဦးက ၁၂-၁၁-၂၀၂၄ ရက်နေ့ (အင်္ဂါနေ့) တွင်ပြောကြားခဲ့သည်။ ဆန်၊ ဂျုံနှင့်သကြားတို့အပေါ် တင်ပို့မှုကန့်သတ်ထားခြင်းကြောင့် စိုက်ပျိုးရေးပို့ကုန်တင်ပို့မှုမှာ ဒေါ်လာ ၆ ဘီလီယံမှ ၇ ဘီလီယံအထိ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဆန်တင်ပို့မှုသည် ယခင်နှစ်ကတန်ချိန် ၁၄-၁၅ သန်းထက် ယခုဘဏ္ဍာနှစ်တွင် တန်ချိန်  ၁၇-၁၈ သန်းအထိရှိလာဖွယ်ရှိကြောင်း သိရသည်။ ဘာစမာတီတင်ပို့မှုသည် တန်ချိန် ၅.၅ သန်းအထိရှိနိုင်ပြီး ပေါင်းဆန်တန်ချိန် ၇.၈ သန်းနှင့် ဘာစမာတီမဟုတ်သောဆန်တန်ချိန် ၄ သန်းကျော်ရှိကြောင်း အဆိုပါတာဝန်ရှိသူမှ ပြောကြားခဲ့သည်။ တိုးတက်မှုအားညွှန်ပြသည့် အဓိကကုန်စည်များတွင် သစ်သီးများ၊ ဟင်းသီး ဟင်းရွက်များ၊ အသားနှင့် အဖျော်ယမကာတို့ပါဝင်ကြောင်းသိရှိရပါသည်။

Source: business-standard

DOCA(ရန်ကုန်)