Main menu

ရွှေဘိုဈေးကွက်တွင် မြေပဲလုံးဆံဈေး အနည်းငယ်ပြန်တက်လာ

Powered by Drupal

    ရွှေဘိုခရိုင်၌ ၂၀၂၃-၂၀၂၄ခုနှစ် မိုးမြေပဲကို (၇၃၉၀၅)ဧက စိုက်ပျိုးပြီး တစ်ဧကလျှင်(၄၂)တင်းခန့်ထွက်ရှိကြောင်း၊ မိုးမြေပဲကို ဇွန်လတွင်စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလတွင် ရိတ်သိမ်းကြကြောင်း၊ မြေပဲလုံးဆံများမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှ စတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ နိုဝင်ဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ       မြေပဲလုံးဆံတစ်တင်းလျှင် (၁၂၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်းအရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀)တင်း/ (၁၀၃)တန် ဖြစ်ကြောင်း၊   ‌ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်ပတ်၌     မြေပဲလုံးဆံ တစ်တင်းလျှင် (၁၂၃၂၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် မြေပဲလုံးဆံတစ်တင်းလျှင် (၄၈၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ မြေပဲလုံးဆံ တစ်တင်းလျှင်(၉၂၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက်  မြေပဲလုံးဆံတစ်တင်းလျှင် (၃၅၂၀ဝိ/-)ကျပ် ဈေးပိုမိုရရှိခဲ့ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)