ကမ္ဘောဒီးယားနိုင်ငံတွင် ပြည်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများအတွက် တည်ငြိမ်သော ပတ်ဝန်းကျင်ကိုပံ့ပိုးပေးသောကြောင့်၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် ဘေးကင်းကြောင်း ၁၂-၁၁-၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်သူများနှင့် ညစာစားပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောကြားခဲ့သည်။ ထိုပွဲတွင် လုပ်ငန်လည်ပတ်ပြီးတိုးတက်ရန်အတွက် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုလိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုပိုမိုနှစ်သက်ပြီး ကမ္ဘောဒီးယားက ထိုအရာများကိုဖန်တီးပေးနိုင်ကြောင်းပြောကြားခဲ့သည်။ စဉ်ဆက်မပြတ် ပြောင်းလဲနေသောကမ္ဘာ့အခြေအနေများကြောင့် တည်ငြိမ်ပြီးမှန်းဆနိုင်သောပတ်ဝန်းကျင်သည် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများထူထောင်ရန်အတွက် ကြိုတင်အခြေအနေတစ်ရပ်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ Foreign Direct Investment (FDI) Intelligence ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ထိပ်တန်းဈေးကွက်အသစ်တစ်ခုအဖြစ် ရပ်တည်နေကြောင်းသိရသည်။ ကမ္ဘောဒီးယားသည် ခိုင်မာသောပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တိုးတက်မှု၊ ငွေကြေးဖောင်ပွမှုနည်းပါးခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ မဟာဗျူဟာကျသောနေရာတွင်ရှိနေကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် အာဆီယံကုန်သွယ်မှု၊ RCEP နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များရှိနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ပံ့ပိုးနိုင်မည်ဟု Mr.Hun Manet ကပြောကြားခဲ့သည်။
Source: Khmer Times
DOCA(ရန်ကုန်)