Main menu

တောင်ငူမြို့မှ အာဒါလွတ်နှင့်ကန်စွန်းဥများပေါ်ပြီ

Powered by Drupal

         တောင်ငူမြို့ ပတ်ဝန်းကျင်ကျေးရွာနေ ပြည်သူများသည် မိမိတို့အိမ်ခြံဝင်းများတွင် စားပင်သီးပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိကြပါသည်။ ယခုအခါ ညောင်ပင်စျေးသို့ အရပ်ဒေသအသီးသီးမှ ဒေသထွက်ကုန်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချလျက်ရှိရာ တောင်ငူမြို့ အနီးအနားကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် အာဒါလွတ်ဥနှင့် ကန်စွန်းဥများပေါ်နေပြီဖြစ်၍ လူကြိုက်များ၍ ရောင်းအားကောင်းပါသည်။

         အာဒါလွတ်ကို ပြုတ်၍ ဆီဆမ်းပြီး သားရေစာအဖြစ် စားသုံးခြင်းကို အများက နှစ်ခြိုက်ကြပါသည်။ အာတာလွတ်အကြီး/ အသေးပေါ်မူတည်၍ (၁)ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်အထိ ရောင်းချကြောင်း ညောင်ပင်စျေးရှိ အာတာလွတ်အရောင်းဆိုင်များမှသိရပါသည်။

        ကန်စွန်းဥကို ပြုတ်၍သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ အခြောက်လှန်းပြီး ဆီနှင့်ကြော်စား၍သော်လည်းကောင်း စားသုံးနိုင်ပါသည်။ ကန်စွန်းဥကိုပြုတ်၍ ဆီဆမ်းပြီး သားရေစာအဖြစ်စားသုံးခြင်းကို အများက နှစ်ခြိုက်ကြပါသည်။

           ကန်စွန်းဥတွင် ရွှေဝါနှင့် ငချိပ်ဟူ၍ (၂)မျိုးရှိပြီး ရွှေဝါကန်စွန်းဥတစ်ပိဿာလျှင် ယခင် ၃၀၀၀ကျပ်ရှိခဲ့ရာမှ ယခု ၄၀၀၀ကျပ်နှင့် ငချိပ်တစ်ပိဿာလျှင် ယခင် ၅၀၀၀ကျပ်ဖြစ်ခဲ့ပြီး ယခုအခါ ၆၀၀၀ကျပ်ဖြင့်ရောင်းချနေကြောင်း ညောင်ပင်စျေးရှိ ကန်စွန်းဥအရောင်းဆိုင်များမှသိရပါသည်။

DOCA(ပဲခူး)