
မဲဇလီပင်သည် အလေ့ကျပေါက်သည့် အပင်ကြီးများဖြစ်ပြီး မိုးကုန်ခါနီးမှ ဆောင်းတွင်းကာလအထိ အဖူးများဖူးပါသည်။ မဲဇလီဖူး၏အရသာမှာ အနည်းငယ်ခါးသက်သော်လည်း မဲဇလီဖူးသုပ်မှာ ခံတွင်းမြိန်စေသည့် အစားအစာတစ်မျိုးဖြစ်ရာ ကြိုက်နှစ်သက်သူများပါသည်။
မြန်မာတို့သည့် တန်ဆောင်မုန်းလပြည့်ည၌ မဲဇလီဖူး၌ ဆေးပေါင်းခသည်ဟုအယူရှိရာ တန်ဆောင်မုန်းလပြည့်ကာလတွင် အိမ်တိုင်းလိုလို၌ မဲဇလီဖူးသုပ်စားကြသဖြင့် မဲဇလီဖူးရောင်းအားကောင်းပါသည်။
ယခင်က မဲဇလီဖူးပြုတ် နို့ဆီဘူးတစ်ဘူးလျှင် ၃၅၀ကျပ်၊ သုံးဘူးယူလျှင် ၁၀၀၀ကျပ်ရှိခဲ့ရာမှ ယခုလပြည့်နီးသည့်ကာလတွင် နို့ဆီဘူးတစ်ဘူးလျှင် ၇၀၀ကျပ်၊ သုံးဘူးယူလျှင် ၂၀၀၀ကျပ် အထိရောင်းရပါသည်။ လပြည့်နေ့တွင် ယခုထက် ဈေးပိုနိုင်ကြောင်း မဲဇလီဖူးရောင်းချသူများထံမှသိရပါသည်။
DOCA(ပဲခူး)