သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ နိုဝင်ဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ပုံမှန်အရောင်းအဝယ်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်ဖြစ်နေသောဈေးနှုန်းမှာ ကြံ့နှစ်ကောင်(အနီ) 50kg တစ်အိတ်လျှင် ၁၃၅၀၀ကျပ်၊ ALPHA 50kg တစ်အိတ်လျှင် ၁၃၅၀၀ကျပ်ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းထက် ၁၀၀၀ကျပ်ကျော် ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။ ကျောက်ဆည်မှ ကြို့ပင်ကောက်သို့ ဘိလပ်မြေသယ်ယူစရိတ် ၃၇ကျပ်/ ၃၈ကျပ်ရှိပြီး ကားတစ်စီးလျှင် (၇၅၀) အိတ်ခန့်သယ်ယူပြီး မှာယူတင်သွင်းရောင်းချရကြောင်း၊ ဈေးဆိုင်အလိုက် ခွဲတမ်းရရှိမှုအပေါ်မူတည်၍ ရောင်းချရကြောင်း၊ လိုသလောက် ဝယ်ယူမရရှိကြောင်း အိမ်ဆောက်ပစ္စည်းရောင်းချသည့် ဆိုင်ရှင်များထံမှသိရှိရပါသည်။
DOCA(ပဲခူး)