Main menu

(၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

                 ၁၃.၁၁.၂၀၂၄ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်များရှိ မြို့မဈေးအတွင်း (၁၀)ဂရမ်နှင့် အထက် အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

                 အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအားစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိသောကုန်စည်များ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်ပတ်သက်၍အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)