အိန္ဒိယနိုင်ငံသို့ အမေရိကန်မှ ကြက်ဆင်ထုတ်ကုန်များပထမဆုံးအကြိမ်တင်ပို့မှုသည် ၁၁.၁၂.၂၀၂၄ (အင်္ဂါနေ့) ကစတင်ခဲ့ပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှုဆက်ဆံရေးတွင် ခြေလှမ်းအသစ်တစ်ရပ်အဖြစ်မှတ်တမ်းဝင်ခဲ့သည်။ အမေရိကန်ကြက်ဆင်ထုတ်ကုန်များအပေါ် အခွန်မြင့်မားစွာလျော့ချရန် အမေရိကန်တောင်းဆိုချက်ကို အိန္ဒိယမှသဘောတူပြီးတစ်နှစ်ကျော်အကြာတွင် အဆိုပါတင်ပို့မှုစတင်ခဲ့ခြင်းဖြစ်သည်။ ဆီးနိတ် India Cacus ၏ ပူးတွဲ ဥက္ကဋ္ဌလည်းဖြစ်သည့် -Virginia မှ အမေရိကန်အထက်လွှတ်တော်အမတ် Mark Worner မှ ၎င်းသည် နိုင်ငံတကာကုန်သွယ်မှုသမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ကြက်ဆင်ထုတ်ကုန်များ၏ လက်လှမ်းမီမှုကိုတွင်ကျယ်စေပြီး အမေရိကန်ကြက်ဆင်မွေးမြူသူများအတွက်လည်း လမ်းကြောင်းအသစ်များဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံပေါင်းဆောင်ရွက်မှုဖြင့် ကုန်သွယ်မှုသဘောတူညီချက်နှင့် အကောက်ခွန်လျော့ချနိုင်ရေးတို့ကြောင့် ယခုကဲ့သို့တင်ပို့မှုစတင်ခဲ့ခြင်းဖြစ်သည်။ ယခုလပထမအကြိမ်တင်ပို့မှုသည် အမေရိကန်-အိန္ဒိယကုန်သွယ်မှုဆက်ဆံရေး ခိုင်မာမှုကိုသက်သေပြခဲ့ပြီး အစားအစာကွဲပြားမှုနှင့် အရည်အသွေးကိုတိုးချဲ့ရန်ဟူသောကတိကဝတ်ကိုရောင်ပြန်ဟပ်လျက်ရှိကြောင်း National Turkey Federation ၏ CEO ဖြစ်သူ Leslee Oden မှပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်စက်တင်ဘာလတွင် ကြေညာခဲ့သောကုန်သွယ်ရေးသဘောတူညီချက်အရ အိန္ဒိယသည် အမေရိကန်ကြက်ဆင်ထုတ်ကုန်များအပေါ် အကောက်ခွန်များကိုဖယ်ရှားကာ နိုင်ငံလျှင်မြန်စွာကြီးထွားနေသောဈေးကွက်သို့ တို့မြင့်ဝင်ရောက်နိုင်ရေးအတွက် လမ်းခင်းပေးခဲ့ကြောင်းသိရှိရပါသည်။
Source: PTI
DOCA(ရန်ကုန်)