Main menu

ဖျာပုံမြို့၊ (၃) ရပ်ကွက် “မင်းမင်းဌေး” ကိုယ်ပိုင်အထက်တန်းကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ (၃) ရပ်ကွက်၊ “မင်းမင်းဌေး” ကျောင်းရှိ ဆရာ/ ဆရာမ၊ ကျောင်းသား/ သူများအားကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

                 အဆိုပါ ဟောပြောပွဲတွင် ဖျာပုံမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေများထဲမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ ၊တွဲဖက်မစားသင့်သောအစားအစာများနှင့် ဓာတုဆိုးဆေးပါဝင်သောအစားအစာများဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့်  ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းပြီး Call Centre 1535သို့လည်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်းဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ သူ စုစုပေါင်း (၈၀ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)