Main menu

ဖျာပုံမြို့၊ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီးအတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

               ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီး အတွင်းရှိဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

              ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဆန်ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆန်အမျိုးအစားအလိုက် လက်ကျန်နှင့် ဈေးနှုန်းဈေးကွက်များကို စစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ဈေးနှုန်းဖြင့် ဆိုင်းဘုတ်တင်ရောင်းချခြင်းရှိ/ မရှိတို့ကို စစ်ဆေးခဲ့ကြရာ ဧည့်မထအုပ်စုဆန်တစ်ပြည်လျှင်(၃၀၀၀) ကျပ်၊ ပေါ်ဆန်းတစ်ပြည်လျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိတ်ဆွဲရောင်းချနေကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)