ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန မြိုနယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
အဆိုပါ စစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ပြည့်စုံမှုရှိ/ မရှိနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုကြရန်၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများအားဝယ်ယူစုဆောင်းသိုလှောင်မှုမရှိဘဲ လိုအပ်သည့်ဆေးဝါးများကို အပတ်စဉ်ဝယ်ယူရောင်းချလျက်ရှိပါသည်။ အဖွဲ့အနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ ဝယ်ယူစုဆောင်းသိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)