Main menu

ဖျာပုံမြို့ပေါ်တွင် အွန်လိုင်းစနစ်ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

                  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဌာနခွဲတာဝန်ခံတို့သည်  အွန်လိုင်းစနစ်ရောင်းချနေသည့်ဆိုင်များအား၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၁၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

               အဆိုပါ အွန်လိုင်းစနစ်မှတ်ပုံတင်ပြီး ရောင်းချ‌နေသည့်ပစ္စည်းများအား ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းများကို စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးရာ အစားအသောက်နှင့်  အဝတ်ထည်များအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက်၊ အရည်အသွေးနှင့် ကြော်ငြာချက်ပါအချက်အလက်များ မှန်ကန်မှုရှိ/ မရှိ၊ လုပ်ငန်းလိုင်စင် QR code နှင့် QR code ပါ ရောင်းချရမည့် ကုန်စည်မှန်ကန်မှုရှိ/ မရှိတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)