ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဆောင်းသီးနှံငရုတ်စိမ်းအစို စိုက်ဧက ၁၀ ဧက၊ မအူပင်ခရိုင်အနေဖြင့် ငရုတ်စိမ်းအစို စိုက်ဧက (၆၀)ခန့် နှစ်စဉ်စိုက်ပျိုးကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ဒေသတွင်းစားသုံးမှုဖူလုံရေးအတွက် ငရုတ်အစိုကိုစိုက်ပျိုးကြပြီး၊ ငရုတ်အခြောက်သီးနှံကို စီးပွားဖြစ်နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။
လက်ပံဇင်းကျေးရွာ၊ ဓနုဖြူမြို့နယ်တွင် ငရုတ်အစိုစိုက်တောင်သူဦးအောင် စိုက်ဧက ၄ဧက ခန့် စိုက်ပျိုးထားရှိကြောင်း၊ ငရုတ်အစိုသီးနှံကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုး၍ ပြာသိုလတွင် လှိုင်လှိုင်ခူးစွပ်ကြကြောင်း၊ စိုက်ပျိုးသောမျိုးမှာ မြှားနီ၊ မိုးထောင်၊ ငရုတ်ပွ မျိုးကိုစိုက်ပျိုးကြပြီး၊ မျိုး ၁တင်း၊ ၁ပြည် (၅)ဂရမ် ဈေးနှုန်း ၂၆၀၀၀ကျပ် ခန့်ရှိကြောင်း၊ ငရုတ်အစိုမျိုးကို ဟင်္သတဘက်ကဝယ်ယူပြီး စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၂၀၀၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း ပိဿာ ၂၀၀၀ ခန့် ထွက်ရှိကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးချိန်မှာ ငရုတ်အစိုဈေးကောင်းရရှိနေပြီး ဒေသတွင်းပေါက်ဈေးအနေဖြင့် ငရုတ်အစို ၁ပိဿာ ၁၃၀၀၀ ကျပ် ငရုတ် အခြောက် ၁ပိဿာ ၇၀၀၀/-၊ ၈၀၀၀/-ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် ငွေကျပ် ၁၀၀၀၀၀၀ ခန့် အကျိုးအမြတ်ရရှိကြောင်း၊ ဓနုဖြူမြို့နယ်အတွင်းမှ ထွက်ရှိသောငရုတ်အစိုနှင့် အခြောက်များကို ဒေသခံဝယ်လက် (ပွဲစား)များမှဝယ်ယူ၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ပဲခူး၊ မန္တလေးမြို့၊ နေပြည်တော်မြို့ သို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)