ဧရာဝတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စု၊ ကွန်နိုင်းလေးကျေးရွာများတွင် ငှက်ပျောပင်ကိုစိုက်ပျိုးလျက်ရှိပြီး ၂၀၂၄-၂၀၂၅ နှစ်တွင် စိုက်ဧက ၃၇၅၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။
မျိုးအနေဖြင့် ဖီးကြမ်း ၁ပင်ကို ၂၀၀ ကျပ်နှုန်းဖြင့်ဝယ်ယူ၍ တစ်ဧကလျှင် အပင်ရေ ၇၀၀ ခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ငှက်ပျောပင်ပေါက်ကိုတန်း၍ ၆ပေခြားကာ မြေချ၍စိုက်ပျိုးကြောင်း၊ ငှက်ပျောကိုရာသီးမရွေးစိုက်ပျိုးနိုင်ပြီး ငှက်ပျောပင်စတင်စိုက်ပျိုးချိန်မှ ၈ လကြာသည့်အခါ ငှက်ပျောခိုင်စတင်ထွက်ရှိပြီး ၁၁လအကြာတွင် ငှက်ပျောခိုင်ခုတ်၍ ရရှိပြီဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀၀ ခန့် ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ငှက်ပျောခိုင် ၄၈၀ ခန့် ထွက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ယခုနိုဝင်ဘာလ (၁၅)ရက်တွင် ဖီးကြမ်းငှက်ပျောလက်ကားဈေးတစ်ခိုင်လျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် လက်ကားရောင်းချရပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် ငွေကျပ် ၅၇၀၀၀၀၀ ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျိုတ်လတ်၊ ဖျာပုံ၊ မော်ကျွန်းနှင့် ရန်ကုန်မြို့သို့တင်ပို့ရောင်းချကြပြီး ယခုဖီကြမ်းပင်စိုက်ပျိုးပြီးလျှင် ၆နှစ်၊ ၇နှစ်ထိ သက်တမ်းခံကြောင်း၊ ၁၅ရက်ခြားတစ်ခါ ငှက်ပျောခိုင် ၄၀ ခန့်ထွက်ရှိကြောင်း ဖီကြမ်းငှက်ပျောစိုက်၍ အကျိုးအမြတ်ရရှိသလို အချို့တောင်သူများ ရွှေငှက်ပျောစိုက်ပျိုးကြပြီး ပိုမို၍အကျိုးအမြတ်ရရှိကြကြောင်း ကွန်နိုင်းလေးကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးသူ ဦးတင်ငွေပြောပြချက်အရ သိရှိရပါသည်။
DOCA(ဧရာဝတီ)