ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလ၁ ရက်နေ့မှ (၁၈)ရက်နေ့ထိ ငါးခေါင်းပွ ပိဿာချိန် ၃၈၅၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်ပြောပြ၍ သိရသည်။
ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလက ငါးခေါင်းပွပိဿာချိန် ၄၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ ငါးခေါင်းပွ ပိဿာချိန် ၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံလုပ်ငန်းများသည် ငါးခေါင်းပွများအပါအဝင် ဒေသရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် မြစ်ချောင်းနှင့် အင်းအိုင်များမှရော၊ မွေးမြူရေးကန်များမှရော ငါးခေါင်းပွ၊ ငါးမြစ်ချင်း၊ ငါးချင်းနှင့် ငါးတန်မွေးမြူကြပြီး ဒေသထွက်ပြည်တွင်းမှာကို ငါးခေါင်းပွက ဝယ်လိုအားများ၍ ဈေးကွက်ရရှိနေကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလကထက် ဖေဖော်ဝါရီလအတွင်း ပိဿာချိန် ၃၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိငါးခေါင်းပွတွေ ဝယ်လိုအားကောင်းလာလို့ ဒေသတွင်းငါးဖမ်းလုပ်သားများနှင့် မွေးမြူရေးလုပ်ကိုင်သူများ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာသည်ဟု ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးသူက ပြောပြသည်။
ပန်းတနော်မြို့နယ်မှ ထွက်ရှိသည့်ငါးခေါင်းပွများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ငါးခေါင်းပွများနေ့စဉ်တင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုကောင်းမွန်လာကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)