ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးသလို မွေးမြုရေးလုပ်ငန်းများလည်း လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။ မအူပင်မြို့နယ်တွင် ဥစားကြက်ခြံ (၁၇၁)ခြံရှိပြီး အကောင်ရေ (၈၆၅၀၀၀) ဥစားကြက်ခြံပိုင်ရှင် ၂၂ဦးနှင့် အသားစားကြက်ခြံ (၁၂၅)ခြံရှိပြီး မွေးမြူအကောင်ရေ (၅၅၀၀၀၀)ကောင် မွေးမြူသူလုပ်ငန်းရှင် (၃၇)ဦးရှိကြပြီး ၎င်းခြံများမှ ကြက်ဥ၊ ဘဲဥ မြို့နယ်တွင်းနှင့် နီးစပ်ရာမြို့များနှင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့နေကြောင်းသိရသည်။
မအူပင်မြို့နယ်အတွင်း ကြက်ခြံမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်သည်မှာ ၂၀၁၅ခုနှစ်က စတင်လုပ်ကိုင်ဆောင်ရွက်လာကြောင်းသိရသည်။ ယနေ့ မအူပင်မြို့နယ်၌ နိုဝင်ဘာလက ကြက်ဥအလုံး ၃၀ တစ်ကဒ် လျှင် ငွေကျပ် ၁၃၀၀၀ကျပ် လက်ကားဈေးရောင်းချပြီး၊ အလုံး ၃၀ပါ ကဒ် ၁၀၀ဈေးကို ငွေကျပ် ၁၃၀၀၀၀၀ကျပ် အထိ ဈေးကောင်းရရှိနေခြင်းဖြစ်သည်။ ဘဲဥဈေးအနေဖြင့် အလုံး၃၀ပါ တစ်ကဒ် ၁၅၀၀၀ကျပ်၊ အလုံး၃၀ပါ ကဒ်၁၀၀ဈေးနှုန်း ၁၅၀၀၀၀၀ ကျပ်ဈေးပေါက်နေကြောင်း၊ ငုံဥတစ်လုံးလျှင် ၁၀၀ကျပ်၊ အလုံး၁၀၀ကို ၁၀၀၀၀/-ကျပ်ဈေးဖြင့် ရောင်းချကြောင်း အောက်တိုဘာလက ကြက်ဥ၊ ဘဲဥ ရန်ကုန်သို့ မှာယူသူများထံ လစဉ်တင်ပို့လျက်ရှိကြောင်း ကြက်ဥ၊ဘဲဥဈေး ကောင်းလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကြက်ခြံလုပ်သာများ၊ ကုန်သည်များအဆင်ပြေလာဟု သိရှိရပါသည်။
DOCA(ဧရာဝတီ)