မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၅-၁၁-၂၀၂၄) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ Kaung Hlyan New Asia ကုမ္ပဏီမှ (ယာဉ်အမှတ် 4G-2351) မော်တော်ယာဉ်ဖြင့် (၁၂) ပေပါ၊ (ယာဉ်အမှတ် 9B-8875) မော်တော်ယာဉ်ဖြင့် (၁၉) ပေပါ (၁၁-၁၁-၂၀၂၄) မှ (၁၆-၁၁-၂၀၂၄) ရက်နေ့အထိ (၁) ပတ်စာခွဲတမ်းရရှိသော စားအုန်းဆီ (၃၁) ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ စားအုန်းဆီများကို ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တို့ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများရှိ လက်လီ/ လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် လက်လီ/လက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှသိရှိရပါသည်။
DOCA(မွန်)
ကျိုက်ထိုမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Powered by Drupal