Main menu

မုဒုံမြို့နယ်၊ မြို့မဈေး၌ စားသောက်ကုန်များအား ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည်  ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မုဒုံမြို့နယ်၊ မြို့မဈေးအတွင်းရောင်းချနေသော စားသောက်ကုန်များတွင် စားသုံးရန်မသင့်သည့် အစားအသောက်များရောင်းချခြင်းရှိ/ မရှိ  ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော အစားအသောက်များတွင် ဓာတုဆိုးဆေး၊ တာရှည်ခံဆေးများသုံးစွဲထားမှုရှိ/မရှိ၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိကိုစစ်ဆေးခဲ့ရာ အဆိုပါစားသောက်ကုန်များမှာ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)