Main menu

မုဒုံမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များတွင် တားမြစ်အလှကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်များသို့ သုံးစွဲရန်မသင့်သည့် တားမြစ်ထားသော အလှကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

       ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း သုံးစွဲရန်မသင့်သည့် တားမြစ်ထားသော အလှကုန်ပစ္စည်းများရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ သုံးစွဲရန်မသင့်သည့် တားမြစ်ထားသော အလှကုန်ပစ္စည်းများရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)