စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြေပြင်ကွင်းဆင်းအဖွဲ့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီရောင်းချပေးနေသော စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီ လက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ်ရာခိုင်နှုန်းထက် ပိုမို၍ ရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်း၊ အလေးချိန်မှန်ကန်စွာရောင်းချပေးခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)