မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့အဓိကစိုက်ပျိုးထွက်ရှိရာ အပူပိုင်းဒေသတစ်ခုဖြစ်ပြီး အခြားဒေသများမှထွက်ရှိသည့် သစ်သီးဝလံများကို ဝယ်ယူစားသုံးရကြောင်း၊ မကွေးမြို့တွင် ပုပ္ပါးဒေသထွက်မာလကာသီးများ လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းသွက်လျက်ရှိကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပုပ္ပါးနယ်မှထွက်ရှိသည့် မာလကာသီးများကို အလုံးအကြီး/အသေးပေါ်မူတည်၍ မာလကာသီး(အလုံးကြီး) တစ်ပိဿာလျှင် ငွေကျပ်(၄၀၀၀)၊ မာလကာသီး (အလုံးအလတ်၊ အသေးရော) တစ်ပိဿာလျှင် ငွေကျပ်(၃၅၀၀)၊ မာလကာသီးတစ်လုံးလျှင် ငွေကျပ် (၈၀၀-၁၅၀၀)တို့ဖြင့်ရောင်းချကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ယခင်နှစ်ထက် ဈေးနှုန်းပိုသော်လည်း ကလေး၊ လူကြီးမရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ "သိန်းသန်းကျော်"သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်မှသိရပါသည်။
DOCA(မကွေး)