Main menu

ဆိပ်ဖြူမြို့၊ ရွာသစ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၁၈-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၌ စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေနိုင်ရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက မိမိတို့၏ရပိုင်ခွင့်၊ တောင်းဆိုပိုင်ခွင့်၊ အခွင့်အရေးများကိုသိရှိနားလည်ပြီး တောင်းဆို၍ ကုစားခွင့်များရရှိစေရေး၊ ကျောင်းနေအရွယ်ကလေးများ ဘေးကင်းလုံခြုံမှုရှိသောကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရေးရည်ရွယ်၍ ဆိပ်ဖြူမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းသို့ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်ပူးပေါင်း၍ ဆရာ/ ဆရာမ(၁၈)ဦး၊ ကျောင်းသား/ ကျောင်းသူ(၃၅၀)ဦးနှင့် မြို့နယ်ကြက်ခြေနီ(၁)ဦး၊ စုစုပေါင်း (၃၆၉)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

       အဆိုပါအသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံက ဌာန၏သမိုင်းအကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းတာဝန်များ၊ စားသုံးကာကွယ်ရေးဥပဒေအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံအကြောင်းအရာများနှင့် ဒု-ဦးစီးမှူး ဒေါ်တင်မာရီက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောရေးဆိုခွင့်၊ တိုင်ကြားခွင့်၊ ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့်နေရာနှင့် တိုင်ကြားနိုင်သူများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအဖွဲ့ဝင် ဦးမောင်မောင်ဝင်းက ကြက်ခြေနီအသင်းပေါ်ပေါက်လာပုံနှင့် လုပ်ဆောင်မှုအဆင့်ဆင့်ကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်ခဲ့သည့် ဆရာ/မများနှင့် ကျောင်းသား/သူများအား  စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(မကွေး)