Main menu

ရာသီစာဖြစ်သည့် မုန်လာဥဖြူဈေးနှုန်းဈေးကွက် အခြေအနေ

Powered by Drupal

              ရာသီအလိုက်ပေါ်သည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည့် မုန်လာဥဖြူသည် ချဉ်ရည်ဟင်း၊ မုန်လာဥကြော်၊ မုန်လာဥပြုတ် အစရှိသဖြင့် အမျိုးမျိုးချက်ပြုတ်စားသောက်၍ရသော မုန်လာဥဖြူသည် ယခုအချိန်တွင် ပေါများစွာရရှိနေပြီဖြစ်ကြောင်းသိရပါသည်။

              မုန်လာဥဖြူမှာ ပေါ်ခါစက (၅) လုံးတစ်တွဲလျှင် ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် အထိရှိသော်လည်း ယခုနိုဝင်ဘာလဒုတိယအပတ်တွင် (၅) လုံးတစ်တွဲလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းကြောင်းနှင့် ရောင်းအားကောင်းလျက်ရှိကြောင်း ပုသိမ်မြို့ဘူတာဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)