Main menu

မော်လမြိုင်ကုန်စည်ဒိုင်၏ ကျွဲကောသီး ဈေးနှုန်းအခြေအနေ

Powered by Drupal

               မွန်ပြည်နယ်သည်ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်ပါသည်။ ကျွဲကောသီးအများဆုံးထွက်ရှိသော မြို့နယ်များမှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ မုဒုံ၊ မော်လမြိုင်မြို့နယ်များဖြစ်ပြီး ယခု နိုဝင်ဘာလ တတိယအပတ်တွင် ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းများမှာ ပန်းရောင်ကျွဲကောသီး(အကြီး) ၂ကီလိုအထက် ၅၀၀၀ကျပ်၊ ပန်းရောင်ကျွဲကောသီး(အလတ်) ၂ကီလို ၄၀၀၀ ကျပ်၊ ပန်းရောင်ကျွဲကောသီး(အငယ်) ၂ကီလိုအောက် ၃၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ(အကြီး) ၂ကီလို ၄၀၀၀ ကျပ်၊ ကျွဲကောသီးအဖြူ (အငယ်) ၁.၅ကီလို ၂၀၀၀ ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရပြီး အဆိုပါကျွဲကောသီးများကို မော်လမြိုင်-ရန်ကုန် ကားလမ်းဘေး ဝဲ/ယာ ဆိုင်များနှင့် ရန်ကုန်၊ မကွေးနှင့် အခြားမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)