Main menu

ဇူလိုင်လမှ အောက်တိုဘာလအတွင်း ပါကစ္စတန်နိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုမှာ ၁၀% ကျော်တိုးတက်ခဲ့

Powered by Drupal

         အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုသည် လက်ရှိဘဏ္ဍာရေးနှစ်၏ ပထမလေးလအတွင်း ၁၀.၄၄% တိုးလာကြောင်း ပါကစ္စတန်စာရင်းအင်းဗျူရိုမှ ၁၆-၁၁-၂၀၂၄ ရက်နေ့ (စနေနေ့) ကထုတ်ပြန်သည့် အချက်အလက်များအရသိရသည်။ ကဏ္ဍနှစ်ခုမှ ပို့ကုန်များသည် ဘဏ္ဍာနှစ်သစ်၏ ပထမလဖြစ်သော ဇူလိုင်လတွင် အနုတ်လက္ခဏာ ၃.၀၉% ရှိခဲ့သော်လည်း ဩဂုတ်လတွင် ၁၃% ကျော်၊ စက်တင်ဘာလတွင် ၁၇.၉၂% နှင့် အောက်တိုဘာလတွင် ၁၃.၁၁% ဖြင့် ပြန်လည်တိုးတက်ကောင်းမွန်လာခဲ့သည်။ လက်ရှိဘဏ္ဍာရေးနှစ်တွင် ပြင်းထန်သောအခွန်ကောက်ခံမှုအစီအမံများကို အကောင်အထည်ဖော်ခြင်းကြောင့် ကဏ္ဍများသည် ဒေသတွင်းပြိုင်ဘက်များနှင့်ယှဉ်ပြိုင်ရန် ရုန်းကန်ရနိုင်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။ အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုသည် ဒေါ်လာ ၂၅ဘီလီယံတပ်ဆင်နိုင်စွမ်းရှိသော်လည်း ပြီးခဲ့သည့်နှစ်နှစ်အတွင်း တူညီသောအဆင့်တွင် ရှိနေခဲ့သည်။ အထည်အလိပ်တင်ပို့သူများပြောကြားချက်အရ ကဏ္ဍနှစ်ခုမှ ပို့ကုန်များသည် ဖွဲ့စည်းပုံဆိုင်ရာပြဿနာများကြောင့် တည်ငြိမ်လျက်ရှိကြောင်းသိရသည်။ Pakistan Textile Exporters Association ၏ နာယက Khurram Mukhtar က ပုဂ္ဂလိကကဏ္ဍမှ ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပေးဝေမှုကိုရပ်ဆိုင်းခြင်းသည် တွေးခေါ်မှုမရှိဘဲ မူဝါဒချမှတ်ခြင်း၏ နမူနာကောင်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။ ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံထားသည့် ဘီလီယံချီသောရူပီများသည် အန္တရာယ်ရှိလာမည်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းထံသို့ အပျက်သဘောဆောင်သည့် သတင်းများပျံ့နှံ့သွားမည်ဖြစ်သည်။ အထည်အလိပ်နှင့် အဝတ်အထည်တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် ဒေါ်လာ ၅.၅၆ ဘီလီယံမှ ၂၀၂၅ဘဏ္ဍာနှစ်၏ ပထမလေးလ (ဇူလိုင်-အောက်တိုဘာလ)အတွင်း ၆.၁၅ ဘီလီယံတိုးလာခဲ့သည်။ အစိုးရမှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ပို့ကုန်လုပ်ငန်းရှင်များ၏ ဝင်ငွေအပေါ် အခွန်နှုန်းထားတိုးမြှင့်ခြင်းအပါအဝင်အမျိုးမျိုးသောအစီအမံများကိုချမှတ်ခဲ့သည်။ PBS အချက်အလက်များအရ အသင့်ချုပ်အထည်များတင်ပို့မှုသည် ပထမလေးလအတွင်း တန်ဖိုးအားဖြင့် ၂၅.၄၀% နှင့် အရေအတွက်အားဖြင့် ၁၉.၉၄% မြင့်တက်ခဲ့ပြီး ချည်ထည်များသည် တန်ဖိုးအားဖြင့် ၁၈.၆၉% နှင့် အရေအတွက်အားဖြင့် ၁၀.၀၃% မြင့်တက်ခဲ့ကြောင်းသိရသည်။ အိပ်ရာနှင့်ပတ်သက်သောပစ္စည်းများသည် တန်ဖိုးအားဖြင့် ၁၃.၁၇% နှင့် အရေအတွက်အားဖြင့် ၁၃.၆၀% တိုးလာခဲ့သည်။ မျက်နှာသုတ်ပုဝါတင်ပို့မှုမှာ တန်ဖိုးအားဖြင့် ၅.၄၇% မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် ၄.၉၆% မြင့်တက်ခဲ့သည်။ ချည်ထည်တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ၅.၂၅% မြင့်တက်ခဲ့ပြီး အရေအတွက်အားဖြင့် ၀.၇၄% ကျဆင်းခဲ့သည်။

Source : Dawn

DOCA(ရန်ကုန်)