များစွာသော ထိပ်တန်းနည်းပညာကော်ပိုရေးရှင်းများ၏ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်မှုကြောင့် ဗီယက်နမ်နိုင်ငံသည် အီလက်ထရောနစ်အစိတ်အပိုင်းထုတ်လုပ်မှုတွင် ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကိုဆွဲဆောင်ရန် အခွင့်အလမ်းများတွေ့ရှိနေကြောင်းသိရပါသည်။ အီလက်ထရောနစ်စက်မှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုဆွဲစောင်နိုင်ခြင်းသည် ပြည်တွင်းလုပ်ငန်းများအား ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင်ပါဝင်ရန် ကူညီပေးနိုင်သည်ဟုသိရပါသည်။ နိုင်ငံ၏အီလက်ထရောနစ်စက်မှုလုပ်ငန်းသည် အစိတ်အပိုင်းထုတ်လုပ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့် ထုတ်ကုန်တပ်ဆင်ခြင်း အစရှိသည့် များစွာသောဧရိယာများတွင် လွှမ်းခြုံလာခဲ့ကြောင်းသိရပါသည်။ အစိတ်အပိုင်းထုတ်လုပ်ခြင်းတွင် စီမံကိန်းအရေအတွက်နှင့် ရင်းနှီးမြှုပ်နှံမှုမတည်ငွေမြင့်တက်လာခြင်းသည် ထိုစျေးကွက်၏ ကြီးမားသောအလားအလာကိုပြသနေကြောင်းသိရပါသည်။ ဗီယက်နမ်တွင် အီလက်ထရောနစ်အစိတ်အပိုင်းထုတ်လုပ်ခြင်း၌ လတ်တလော အမေရိကန်ဒေါ်လာ သန်း၁၀၀ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ရင်းနှီးမြှုပ်နှံသူက ဗီယက်နမ်ကိုရွေးချယ်ရသည့်အကြောင်းအရင်းသည် နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တိုးတက်မှုမြင့်တက်လာမှုနှင့် အရည်အသွေးမြင့်သောလုပ်သားထုတို့ကြောင့်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင်ဗီယက်နမ်၏ အီလက်ထရောနစ်လုပ်ငန်းသည် အာရှတွင် ထုတ်လုပ်ရာဗဟိုဖြစ်လာနိုင်ကြောင်းသိရပါသည်။ မိုဘိုင်းဖုန်းစျေးကွက်သည်လည်း Apple ၏အောင်မြင်မှုကြောင့် အထင်ကြီးဖွယ် ကြီးထွားလျက်ရှိပြီး Apple ၏ အဓိကမိတ်ဖက်များဖြစ်သည့် Foxxconn၊ Luxshare၊ GoerTek တို့သည်လည်း ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့လျက်ရှိကြောင်းသိရပါသည်။ FDI ဆွဲဆောင်မှုတွင် အောင်မြင်မှုများရရှိနေသော်လည်း ပြည်တွင်းအီလက်ထရောနစ်လုပ်ငန်းသည် FDI လုပ်ငန်းများကို ကြီးမားစွာမှီခိုနေရကြောင်းသိရပါသည်။ ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၅၀ဘီလီယံခန့်တန်ဖိုးရှိသော အီလက်ထရောနစ်ထုတ်ကုန်များကို နှစ်စဉ်တင်သွင်းလျက်ရှိပြီး ပြည်တွင်းလုပ်ငန်းများက ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်တွင် ပါဝင်နိုင်စွမ်းမှာ အကန့်အသတ်ရှိနေကြောင်းသိရပါသည်။ ပြည်တွင်းလုပ်ငန်းများ၏ စွမ်းရည်ကိုမြှင့်တင်ရန် ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် နည်းပညာပံ့ပိုးခြင်းနှင့် လေ့ကျင့်ခြင်းတို့ပါဝင်သည့် များစွာသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပရိုဂရမ်များကို အကောင်အထည်ဖော်လျက်ရှိကြောင်းသိရပါသည်။
VietnamPlus
DOCA(ရန်ကုန်)