ဖိလစ်ပိုင်နိုင်ငံသည် ပီဆို ၂ သန်းခန့်တန်ဖိုးရှိသော Hass ထောပတ်သီးများအား ဂျပန်နိုင်ငံသို့ ပထမအကြိမ်တင်ပို့ခဲ့ပြီး အမြတ်များစွာရရှိသော ဈေးကွက်သို့ ဝင်ရောက်ခဲ့သည်။ တိုကျိုမြို့ရှိ ဖိလစ်ပိုင်စိုက်ပျိုးရေးရုံးမှ စိုက်ပျိုးရေးသံမှူး Maria Alilia Maghirag က ဖိလစ်ပိုင်သည် အာရှတွင် Hass ထောပတ်သီးများကို ဂျပန်နိုင်ငံသို့တင်ပို့သည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်းပြောကြားခဲ့သည်။ ဒေါ်လာ ၄၀၃၂၀ (သို့မဟုတ် ခန့်မှန်းခြေအားဖြင့် ပီဆို ၂.၄ သန်းခန့်) တန်ဖိုးရှိ ဤနာမည်ကြီးထောပတ်သီး ၁၂၃၂၀ကီလိုဂရမ်ပါရှိသော သေတ္တာ ၂၂၄၀ အား ဂျပန်နိုင်ငံသို့ပို့ဆောင်ခဲ့ကြောင်း စက်ရုံလုပ်ငန်းဗျူရိုဒါရိုက်တာ Gerald Glenn Panganibar ကပြောကြားခဲ့သည်။ ၂၀၂၅ခုနှစ်တွင် ဒေါ်လာ ၁.၅၈၄ သန်းတန်ဖိုးရှိသော ထောပတ်သီး ၄၈၄၀၀၀ကီလိုဂရမ်နှင့်ညီမျှသော သေတ္တာ ၈၈၀၀၀ တင်ပို့ရန် ပစ်မှတ်ထားရှိကြောင်းသိရသည်။ အရွယ်အစားသေးငယ်ပြီး မာကျောသောအသားကြောင့် လူသိများသော Hass ထောပတ်သီးသည် မှည့်သောအခါတွင် ခရမ်းရောင်-အနက်ရောင်ပြောင်းကာ ဂျပန်လူမျိုးများအကြိုက်နှင့် သင့်လျော်လျက်ရှိသည်။ ဂျပန်နိုင်ငံသည် Hass ထောပတ်သီးကို အဓိကတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ယမန်နှစ်ကတင်သွင်းသည့်တန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၁၆၀ ရှိပြီး မတ်ထရစ်တန်ချိန် ၆၁၀၀၀ နှင့်ညီမျှသည်။ ငှက်ပျောသီးနှင့် နာနတ်သီးပါဝင်သော ဂျပန်နိုင်ငံသို့တင်ပို့သော ဖိလစ်ပိုင်နိုင်ငံ၏ ပို့ကုန်အစုံတွင် ဤထောပတ်သီးပါဝင်လာမှုမှာ ဂျပန်အစိုးရက ၂၀၁၁ခုနှစ်တွင်တင်ပို့ရန် တောင်းဆိုမှုကို ဆယ်စုနှစ်တစ်ခုကျော်ကြာသည့်အချိန်မှ ပါဝင်လာခြင်းဖြစ်သည်။ ၎င်းတင်ပို့မှုသည် ဂျပန်နိုင်ငံသို့ အရည်အသွေးမြင့်သစ်သီးဝလံများ အဓိကရောင်းချသူအဖြစ် ဖိလစ်ပိုင်နိုင်ငံ၏ရပ်တည်ချက်ကို ပိုမိုခိုင်မာစေကြောင်း DA ကပြောကြားခဲ့သည်။
Source : business.inquirer
DOCA(ရန်ကုန်)