Main menu

အုတ်တွင်းမြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကုန်စည်များတွက် ကုန်အညွှန်းအမှတ်အသားများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မည်ဖြစ်ရာ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

             တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် နိုဝင်ဘာလ ၁၂ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့ရှိ ကုန်စုံဆိုင်ကြီးများနှင့် ဆေးဆိုင်များတွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားမှုများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ဆိုင်ပိုင်ရှင်များနှင့် အရောင်းကိုယ်စားလှယ်များအား စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)