Main menu

လက်ပံတန်းမြို့နယ် ကရေကရာရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မြို့မ

ရပ်ကွက် ၂လမ်း၌ "တင့်တင့်" ကရေကရာရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ရီရီတင့်နှင့် ( ၁၈-၁၁-၂၀၂၄ )

ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ၊ မြို့နယ်တာဝန်ခံ

ဦးချစ်ကိုကိုတို့သည် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်း

အမှတ် အသား‌ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့်အညီ

ဖြန့်ဖြူးရောင်းချရန်၊  ကုန်စည်၏အရည်အသွေး၊  ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ၊

ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀) ပါ စီးပွား

ရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်

အရည်အသွေးရှိခြင်းကို အထူးအလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး

 လက်ကမ်းစာ‌စောင်ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)